နယ်ရုံးများ၏သတင်းများ

Oct 19,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော ပျော်ရွှင်ခြင်းစာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက မိသားစုတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
Oct 19,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေး နံရံကပ်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် “မူးယစ်အန္တရာယ်လက်တွဲ ကာကွယ်” အသိပညာပေး စာစောင်များ ပြသထားကြောင်း သိရသည်။
Oct 19,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဟိန်းလတ်၏ “အကောင်းပြုပြင် အကောင်းမြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Oct 19,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာရပ်ကွက်များသို့ သွားရောက် ငှားရမ်းပေးကြသည်။
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ပရိသတ်တိုးပွား၍ စာဖတ်အား ကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရွှေသဇင်ဈေးရှိ ကုန်စုံဆိုင်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Oct 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။