နယ်ရုံးများ၏သတင်းများ

Oct 24,2023
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပကြောင်း သိရသည်။
Oct 24,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်း နှင့်အခြားအတွေးအမြင်များစာအုပ်” စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre )ခန်းမ၌ကျင်းပကြောင်း သိရသည်။
Oct 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီက စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Oct 24,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖိုးဉာဏ်၏သတင်းလောကကို ဖြတ်သန်းခြင်းစာအုပ်အား ယနေ့နံနက် (၉) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 24,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 24,2023
ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍   ယမန်နေ့နံနက် ၁၁ နာရီတွင် စာရေးဆရာ  ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို   တည်ဆောက်ခြင်း  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Oct 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန် က မြန်မာ့စီးပွားရေးဘဏ်၌  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 24,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အောက်တိုဘာလ ၂၂ ရက်နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ၊ Book Club Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။