နယ်ရုံးများ၏သတင်းများ

Nov 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ  ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ  စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ကို ယနေ့မွန်းလွဲ ၁နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပသည်။ 
Nov 19,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း‌၍ စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Nov 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ဒေသအကျိုးပြုဓာတ်ပုံဆရာများပေါ်ထွန်းလာစေရန်နှင့် ဓာတ်ပုံဝါသနာရှင်များဓာတ်ပုံပညာကို စနစ်တကျလေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဓာတ်ပုံရိုက်ကူးနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Nov 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများမှ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ  စာအုပ်ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က  ကျင်းပခဲ့သည်။
Nov 19,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၁နာရီခွဲအချိန်က Book Club အဖွဲ့နှင့် စာရေးဆရာမ မနှင်းဖွေး ရေးသားသည့် မန္တလေးသို့ သွားနေသည်နှင့် အခြား အတွေးစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
Nov 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုပပျောက် ရေးဆိုင်ရာအသိပညာပေး နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာ ၁၆ နံနက်(၁၀) နာရီအချိန် ခန့်က အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ ဆောင်ရွက်ခဲ့သည်။