မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေး

မယ်စဲ့  ဩဂုတ်   

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) ငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်က ဟိုဖကျေးရွာခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်က ကျေးရွာမတည်ရန် ပုံငွေစီမံကိန်း(VRFP)မှ ရန်ပုံငွေငွေများချေးယူပြီး ကျေးရွာလူထု များအနေဖြင့် ချေးငွေများကို ကောင်းမွန်စွာ အသုံးချနိုင်စေရေးနှင့်  ငွေများထပ်မံထုတ်ချေးလိုပါက ကျေးရွာကော်မတီ ဝင်များမှ တစ်ဆင့်တင်ပြ၍ ထုတ်ချေးနိုင်ကြောင်း ပြောကြားပြီး ကျေးရွာကော်မတီဝင်များက ငွေချေးယူမည့် ကျေးရွာလူထုအား ငွေများထုတ်ချေးခြင်းနှင့် စာချုပ်ချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်း ကျေးရွာကော်မတီဝင် တို့တွေ့ဆုံပြီး ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီဝင်များ အနေဖြင့် အခက်အခဲများရှိပါက တင်ပြဆွေးနွေးရန်နှင့် ကျေးရွာအတွက် စေတနာရှိစွာ ဆောင်ရွက်ပြီး ကျေးရွာ၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍာများကို  ဆက်လက်တိုးပွားအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဟိုဖကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေကျပ် သိန်း (၁၀၀) ထုတ်ချေးခွင့်ပြု သော်လည်း ပထမအကြိမ် ချေးငွေထုတ်ချေးရာတွင် ချေးယူသူ ၁၄ ဦးသာရှိပြီး စုစုပေါင်း ငွေကျပ် သိန်း(၅၀)ကိုသာ ထုတ်ချေးပေးနိုင်ခဲ့ကြောင်းသိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)