ပေါင်းတည်မြို့တွင် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ကပ်ပေးထားခြင်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်နယ်မြေများအလိုက် ကွင်းဆင်းစစ်ဆေး

ပေါင်းတည်      သြဂုတ်     ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါင်းတည်မြို့နယ်  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးသောင်းညွန့်နှင့် အဖွဲ့ဝင် များ သည် ယမန်နေ့နံနက်ပိုင်းက စတင် မြို့နယ်အတွင်းရှိသက်ဆိုင်ရာ သတ်မှတ်နယ်မြေအသီးသီးသို့ သွားရောက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ကပ်ပေးခြင်းအား သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်သည် မူလတန်း ကျောင်းအုပ်စုမှူး ဆရာကြီးများနှင့် အတူညောင်ဖြူအုပ်စုညောင်ကပ်ပင်အုပ်စု နှင့်ကြို့ကုန်း(မြေပြန့်) အုပ်စုအတွင်းရှိ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်များစာရင်း ကြေငြာထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ တင်ပြလာမှုအပေါ်  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်