မိုင်းရှူး သြဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် (၂၀၁၀ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း) မွေးဖွားသူအမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာ Human Papillomavirus (HPV) Vaccine ကာကွယ်ဆေးထည့်သွင်း ထိုးနှံခြင်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ် (၁၃) မျိုးမြောက် ကာကွယ်ဆေးအဖြစ် ထည့်သွင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် မိုင်းရှူးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် စုစုပေါင်း (၅၇၆) ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဦးအောင်မျိုး ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)