လွိုင်လင် မတ် ၇
ရှမ်းပြည်နယ်အစိုးရ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget ဖြင့် ဆောင်ရွက်နေသည့် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်အော်ရေတံခွန်သွားလမ်း ကျောက်ချောလမ်းခင်းခြင်း ၂ ကီလိုမီတာ × ၄.၈၈ မီတာ × ၀.၂၃ မီတာ ရှိလုပ်ငန်းကို မင်းနိုင်ခန့်ကုမ္ပဏီမှ ဆောင်ရွက်နေမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ရက်က သွားရောက်စစ်ဆေးရာ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်အော်ရေတံခွန်သည် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် တည်ရှိသည်။ များမကြာမီကာလတွင် နွေရာသီ ကျောင်းပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် မြန်မာတို့၏ နှစ်သစ်ကူးသည့် သင်္ကြန်ကာလအတွင်း ပြည်သူများစိတ်အေးချမ်းမြေစွာ အပမ်းဖြေလာရောက် အနားယူကြမည်ဖြစ်ရာ လုပ်ငန်း များ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလ၌ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ရှိသူများ ကိုမှာကြားခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး