ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ (ဆံသ) သင်တန်းဖွင့်လှစ်ပေး
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ၏ မိသားစုဝင်များအတွက် အခြေခံ (ဆံသ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။