ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့များ၌ ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆို

လွိုင်ကော်     မတ် 

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်ဘာသာရပ်ကို ယနေ့ မတ်လ (၉)ရက်နေ့တွင် ကယားပြည်နယ်၌ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း ဖြေဆိုလျက်ရှိသည်။

ကယားပြည်နယ်အတွင်းတွင် စာစစ်ဌာန ၄ ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးထားသူ (၉၉၅)ဦးအနက် ယနေ့အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉၂၁)ဦးနှင့် ပျက်ကွက်(၇၄)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ(၉၂.၅၆) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ပြည်နယ်အတွင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ(၁၀)ရက်နေ့တွင် သင်္ချာ၊ (၁၃)ရက်နေ့တွင် ဓာတုဗေဒ၊ (၁၄)ရက်နေ့တွင် ရူပဗေဒ၊ (၁၅)ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ (၁၆)ရက်နေ့တွင် ပထဝီဘာသာရပ်နှင့် (၁၇)ရက်နေ့တွင် သမိုင်းဘာသာရပ်များကို အသီးသီးဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)