ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ရေဝင်ရောက်လျက်ရှိသည့် ကန္ဒရဝတီတံတား၊ သီရီမင်္ဂလာ(ယာယီ)ဈေး၊ ဒေါနိုးကူးတံတား၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများ၌ ရေများပြန်လည်ကျဆင်းနေမှု အခြေ အနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။