ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေး၍လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်နေကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆေးရုံကြီး အထောက်အကူပြု အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။