ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ နှင့် ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများနေထိုင်ရေးနှင့် လိုအပ်သည့်အခြေခံစားသောက်ကုန်များအား စဉ်ဆက်မပြတ် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် လင်ဖုံလေး ကျေးရွာ၊ လင်ဖုံလေးကျောင်းတိုက်မှ လွိုင်ကော်မြို့သို့ တိုက်ပွဲရှောင် ရောက်ရှိလာသည့် ဆရာတော်၊ သံဃာတော်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား လှူဒါန်းထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သည်။