ကယားပြည်နယ်

လွိုင်ကော်မြို့ပေါ်ရှိ သံဃာတော်များ ဝါတွင်းကာလသီတင်းသုံးနိုင်ရေး၊ စာသင်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေတောင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ရွှေတောင်ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသီလာဝံသ အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး သံဃာတော်များ ဝါတွင်းကာလအတွင်း ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သာသနာရေးဆိုင်ရာ များလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရွှေတောင် ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများအား မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သာသနိကအဆောက်အဦများ အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ဇွန်လနှင့် ဇူလှိုင်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ပျက်စီးဆုံးရှုံးခဲ့ရသော လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၊ အမျိုးသားယဉ်ကျေးမှုပြတိုက်နှင့် လွိုင်ကော်လေဆိပ်တို့အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် KNPP၊ KNDFအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်မဟုတ်သော ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ/ဆရာမများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုလုပ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ကျောင်းအဆောက်အအုံများမှနေ၍ တပ်မတော်အား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း၊ ၎င်းတို့ပြန်လည်ဆုတ်ခွာရာတွင်လည်း လွိုင်ကော်တက္ကသိုလ်ရှိ နိုင်ငံပိုင် အဆောက်အုံများ၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ သင်ထောက်ကူပြုပစ္စည်းများဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းသွားခြင်းတို့အား အသိဉာဏ်ကင်းမဲ့စွာဖြင့် လူသားမဆန်စွာ လုပ်ဆောင်ခဲ့သည့်အတွက် လွိုင်ကော်တက္ကသိုလ်အား ယာယီပိတ်ထားခဲ့ရကာ နိုင်ငံတော်နှင့် ပြည်နယ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများနှင့် လွိုင်ကော်တက္ကသိုလ်ရှိ အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်ပစ္စည်းများ၊ သင်ထောက်ကူပြုပစ္စည်းများ များစွာထိခိုက်နစ်နာဆုံးရှုံးပျက်စီးခဲ့ရပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်များနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့်ဆန်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများ၊ နေရပ်ပြန် ပြည်သူများအား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ နေရပ်ပြန်ပြည်သူများ ကြိုဆိုလက်ခံရေးဌာန၊ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကျင်းပ

ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမ္မာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ပွားပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ လွိုင်ကော်မြို့ ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား  ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခြင်း၊ ဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ပွားပူဇော်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြို့နာမ်စေတီတော် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်