ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းနေမှုများ၊ နှစ်ထပ်ဈေးနှင့် ဗဟိုဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းများ ၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးအတွက် စုပေါင်းဝန်ထမ်းအိမ်ရာပြင်ဆင်နေမှုများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။