ကယားပြည်နယ်

​မြေပြို​ဘေးအ​န္တရာယ်ဆိုင်ရာ အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်း၍ ​​မြေပြို​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာနCommunity Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်း သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် Video Conferencing စနစ်ဖြင့် တက်ရောက်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ၊ နံနက် (၁၀) နာရီတွင် နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည်။

ရှားတောမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ (၁၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံဖြန့်ဝေ

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်စာစောင် များကို ရှားတောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ရှားတောမြို့ပေါ်ရှိ စျေးဆိုင်များနှင့် လမ်းသွား လမ်းလာ ပြည်သူများသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ရှင်းလင်း

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖား​ဆောင်းမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ကယား ပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖား​ဆောင်းမြို့ရှိ ​​စျေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းသွား လမ်းလာလူစည်ကားရာ နေရာများ၊ ကားဂိတ် များနှင့် ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်