ရှားတော ဒီဇင်ဘာ ၁၀
၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်စာစောင် များကို ရှားတောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်း တွင် ရှားတောမြို့ပေါ်ရှိ စျေးဆိုင်များနှင့် လမ်းသွားလမ်းလာ ပြည်သူများသို့ လက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက တာဝန်ခံထုတ်ဝေခြင်းဖြစ်ပြီး ယင်းစာစောင်တွင် နိုင်ငံတော်အကြီး အကဲများ၏ အမျိုးသား အောင်ပွဲနေ့ ဆိုင်ရာ သဝဏ်လွှာနှင့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်အပါအဝင် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြု ကြသော ကျောင်းသားကြီး(၁၁)ဦး စသည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာ အကြောင်း အရာများနှင့် အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံမှတ်တမ်းများ ဝေဝေဆာဆာ ဖော်ပြပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားအောင်ပွဲနေ့ အပါအဝင် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များနှင့် နေ့ကြီးရက်ကြီးများ၏ သမိုင်းဆိုင်ရာ အကြောင်းအရာများကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်နှင့် အမြဲ အမှတ်ရနေစေရန်အတွက် ရည်ရွယ်ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို နိုင်ငံတစ်ဝန်း၌ နှစ်စဉ်အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ရှားတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ သည်။
ထွန်းအောင်(ပြန်/ဆက်)