ကယားပြည်နယ်

ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအား ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်မှုကို ယမန်နေ့ နေ့လယ်ပိုင်း က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မဟာဘုံကထိန်ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် အညီ ယနေ့ နံနက်ပိုင်းက လောခုခူ ကျေးရွာ၊ လောခုခူထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် သည်။

မယ်စဲ့မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့တွင်းလမ်းဆုံ၊ လူစည်ကားရာနေရာများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များသို့ လိုက်လံဖြန့်ဝေခဲ့ ကြောင်း သိရ သည်။

ရွာသစ်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) ကို ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသစ် မြို့ရှိ ‌‌ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ လမ်းသွားလမ်းလာနေရာများ၊ လူစည်ကားရာ နေရာများ၊ ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည် သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေး၌ လည်းကောင်း၊ ညပိုင်းက မြို့လယ်နာရီစင်လမ်းဆုံ၌လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့၌ တောင်သူများ၏ သီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းစေရန် နည်းပညာများ ဖြန့်ဝေ

ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံ စိုက်ခင်းများအား အထွက်နှုန်းကောင်းစေရန် ရည်ရွယ်၍ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စိုက်ကွင်းများ၌ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။

လင်ဖုံလေးကျေးရွာအတွင်း စိုက်ပျိုးလျက်ရှိသည့် အက်စတာပန်းများ စျေးကွက်အတွင်း အရောင်းသွက်နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်း ၊ အက်စတာပန်းများသည်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကွက်အတွင်းအရောင်းသွက်လျက်ရှိကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်လာသူ (၇)ဦးအား မြို့နယ်အားကစားရုံနှင့် မြို့နယ်ခန်းရှိ Quarantine သို့ ပို့ဆောင်ထားရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Standard Q Rapid Aritigen Test kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ မြို့နယ်ခန်းမ Facility Quarantine တွင်ဝင်ရောက်နေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့ပါသည်။
Subscribe to ကယားပြည်နယ်