ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ချနိုင်ရေး ပြည်သူများအား ရောဂါကူးစက်ခံရမှု ရှိ/မရှိ (အခမဲ့)ဆက်လက် စစ်ဆေးပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန်ဆုံး လျော့ချနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ (အခမဲ့) ဆက်လက်စစ်ဆေးပေးခြင်းကို အောက်တိုဘာလ(၃၁)ရက်နေ့နှင့် နိုဝင်ဘာလ(၁)ရက်နေ့တို့တွင် ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းခန်းမသို့ မိုဘိုင်းရွေ့လျားသွားရောက်ကာ မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်ဆေးပေးခဲ့ကြောင်း သိရသည်။