ဖားဆောင်းမြို့နယ်တွင်းရှိ ရပ်ကွက်များတွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေး နှိုးဆော်

ဖားဆောင်း     နိုဝင်ဘာ    ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ်၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍  အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က  မြို့နယ်ပြန်ကြားရေးနှင ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့​ပေါ်ရပ်ကွက်များဖြစ်သည့် ​တောင်ပိုင်းရပ်ကွက်နှင့်​မြောက်ပိုင်းရပ်ကွက်တို့တွင် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ဖားဆောင်းမြို့နယ် ​တောင်ပိုင်းရပ်ကွက်နှင့်​မြောက်ပိုင်းရပ်ကွက် များတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသွားရောက်ခြင်းမပြုရန်၊အပြင်ထွက်ပါက ပါးစပနှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာ   ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် ၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊သက်ကြီးရွယ်အိုများ၊ဆီးချို၊သွေးတိုး၊နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာ ကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များကို  စဉ်ဆက်မပြတ် နှိုးဆော်ပေး လျက်ရှိကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)