မယ်စဲ့ နိုဝင်ဘာ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်စဉ်မပြတ် ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ကျင်းပ ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မယ်စဲ့မြို့ သီရိမင်္ဂလာရတနာသုခ (မြို့မ) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နမောတသ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒါယကာ၊ ဒါယိကာမများက မြို့မကျောင်းဆရာတော် ဦးဩဇေယျထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ဝေး ရပ်နီးမှ အလှူရှင်ဧည့် ပရိသတ်များက ကျိုက်ထီးရိုးတောရကျောင်းအတွက် ကထိန်လျာသင်္ကန်းနှင့် ကထိန်အရံ သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ကျိုက်ထီးရိုး တောရ ကျောင်းဆရာတော်နှင့် ပင့်ဖိတ်ထားသော သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)