ဝမ်အောင်းကျေးရွာတွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျေးရွာအရောက် ကွင်းဆင်း၍ ထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမ) အကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။