ကယားပြည်နယ် နိုဝင်ဘာ ၁၈
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပို့းတွေ့ရှိခဲ့ပြီးကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၅၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၁) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၃)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၄) ဦး၊ ရှားတောမြို့နယ်ဆေးရုံတွင် brught death (၁)ဦး ၊ ဘောလခဲမြို့နယ်တပ်မတော်ဆေးရုံတွင်(၈)ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၂)ဦး၊ ရွာသစ် တိုက်နယ်ဆေးရုံတွင်(၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင် (၅)ဦး ၊ ရှားတောမြို့နယ်ရှိ (PMC)များတွင် (၈)ဦး၊ မယ်စဲ့မြို့နယ်ရှိ (MPC )များတွင် (၂)ဦးထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၃၃) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၆၃၄) ဦး၊ ဆေးရုံဆင်း လူနာ(၅၀၅၉)ဦးရှိပြီးယနေ့တွင် သေဆုံးလူနာ(၃)ဦးမှာ လွိုင်ကော်မြို့ နှင့် ရှားတောမြို့မှဖြစ်ပြီး ယနေ့အထိ သေဆုံးလူနာစုစုပေါင်းမှာ (၂၂၂)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၅) ဦး၊ Positive Medical Centre များတွင် (၂၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၇၈)ဦး၊ ဖားဆောင်း မြို့နယ်တွင် (၄၃)ဦး၊ မယ်စဲ့မြို့နယ်တွင် (၃၀)ဦး၊ ရှားတောမြို့နယ်တွင် (၁၁၃)ဦးနှင့်မိုးဗြဲ ဆေးရုံ တွင်(၁)ဦး စုစုပေါင်းလူနာ (၃၅၃) ဦးတို့အားကုသပေးလျက် ရှိကြောင်း ကယားပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ခရိုင်( ပြန်/ဆက်)