ကချင်ပြည်နယ်

မိုးညှင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်နှင့် အချိုရည်ဘူးများ ဝေငှပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနမှ အာဟာရမုန့်နှင့် အချိုရည်ဗူးများကို ယနေ့မွန်းတည့် (၁၂)နာရီက ဝေငှပေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ကျောင်းသား/သူ (၃၂၀၇) ဦး အေးချမ်းစွာစွာ ဝင်ရောက်ဖြေဆို

(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စာစစ်ဌာန (၅) ခု ဖြင့် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၂၀၇)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင် Community centre ခန်းမ၌ Youth Club အသင်းအဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ဇွန် ၁၇ ရက် မွန်းလွှဲ(၂)နာရီက ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.လ.က(မြို့မ)ကျောင်းတို့ ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များ စာဖတ်တတ်သည့် အလေ့အထရှိလာစေ ရန်၊နူတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့် အများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အထရှိလာစေရန်အတွက် ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centreခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) တတိယနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ပြည်နယ်ပြေးခုန်ပစ်အသင်း၏ စံချိန်ယူလေ့ကျင့်ဆန်းစစ်မှုပြိုင်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ် စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်ဖြေဆိုခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် စာမေးပွဲဒုတိယနေ့ကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင်စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့(Community Centre)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စာစစ်ဌာန (၅)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ စာစစ်ဌာန အသီးသီးတွင် ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

မချမ်းဘော၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်