တနိုင်း မတ် ၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကလေးလုပ်သားစစ်တမ်းကွင်းဆင်း ကောက်ယူခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် (၈) နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကလေးလုပ်သားစစ်တမ်းကောက်ယူခြင်းကို ကချင်ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများတို့ဖြင့် တနိုင်းမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် ပြင်ဆင်သည့် ဆိုင်များ စုစုပေါင်း (၈၅)ဆိုင်တို့တွင် ကလေးလုပ်သား စစ်တမ်း ကွင်းဆင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ(တနိုင်း)