ဖားကန့် မတ် ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး များနှင့် ဆရာဆရာမများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(မှော်ဝမ်း)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးနွယ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေများသိရှိစေရန်၊ ကျောင်းတွင်းနှင့်ကျောင်းပြင်ပရှိကလေးသူငယ်များ အားလုံးအခွင့် အရေးကို လက်လှမ်းမှီလာစေရန်၊ ကလေးသူငယ်အခွင့်အရေးမရှိသော ကလေး သူငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေး နိုင်စေရန် ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်အုန်းနွဲ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကို ပါဝါပွိုင့်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်