ဆွမ်ပရာဘွမ်မြို့လူထုအခြေပြုဗဟိုဌာန၌ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဆွမ်ပရာဘွမ်   ဧပြီ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊    ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား/ ကျောင်းသူများနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်၁၀နာ ရီခွဲက လူထု အခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးကျောင်းသား/ကျောင်းသူလေးများ အားစာရေးသူ ဗန်းမော်သိန်းဖေ ရေးသားပြုစုထားသည့်"အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့"ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။   

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက မိမိကျရာခေါင်းစဥ်မဲလိပ်ဖွင့် ဖောက်ပြီးတစ်ဦးချင်း ယှဥ်ပြိုင်ကြရာပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယရရှိသူကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ဂျေအားနာနှင့်ဝန်ထမ်းများက လူထုအခြေပြု ဗဟိုပြု ဌာနတွင်   စာ အုပ်/စာစောင်များခင်းကျင်း ပြသရာကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)