ဖားကန့်မြို့၌ အကျဉ်းသား၊ အကျဉ်းသူ (၅) ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ဖားကန့် ဧပြီ ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဖားကန့်အချုပ်ထောင်မှ ယ‌မန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၅) ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ယင်းလွတ်မြောက်လာခဲ့သော အကျဉ်းသား(၄)ဦး အကျဉ်းသူ(၁)ဦး စုစုပေါင်း (၅)ဦးသည် မူးယစ် ဆေးဝါးအမှု၊ မူးယစ်-၁၆ (ဂ) ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံခဲ့သော အကျဉ်းသား၊ အကျဥ်းသူများဖြစ် ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသား၊ အကျဉ်းသူ (၅)ဦးအား ဖားကန့်အချုပ်ထောင်မှ တာဝန်ရှိသူများက ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီးနောက် ကတိခံဝန်ချက်လက်မှတ်ရေးထိုး၍ လွတ်လက်မှတ်ပေးအပ် ခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အကျဉ်းသားတစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် (၅)ဦးအတွက် (၅၀၀၀၀)ကျပ် လမ်းစရိတ် ထောက်ပံ့ငွေနှင့် သတ်မှတ်ခရီးစရိတ်/ စားစရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)