မချမ်းဘော၌ နွေရာသီအခြေခံအားကစားအခမဲ့သင်တန်းဖွင့်လှစ်

မချမ်းဘော ဧပြီ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစား သင်တန်းကို ယမန်နေ့ ညနေ၃နာရီက မြို့နယ်အားကစားကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ နည်းပြ(နည်းစနစ်) ဒေါ်ခင်လင်းစိန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းများကို ပြောကြားပြီး သင်တန်းကိုစတင်ပို့ ချခဲ့သည်။

အဆိုပါနွေရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံးကစားနည်း၊ ပြေးခုန်ပစ်ကစားနည်းနှင့် Physical Fitness Dance သင်တန်းများကို ဧပြီ ၁၈ရက်မှ ဧပြီ၃၀ရက်ထိ သင်တန်းသား ၈၀ ဦးအထိ အခမဲ့ လက်ခံသင်ကြား ပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

 ယောရွှေနီ(မချမ်းဘော့)