ပူတာအိုမြို့နယ် မူလာဒီကျေးရွာ၌ ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသောပြည်သူမိသားစုဝင် များနှင့်လူနေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေ များနှင့်အိမ်ဆောက်ပစ္စည်းဖိုးများပံ့ပိုးပေးအပ်
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနက ဆင်မုန်ယို၍ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူမိသားစုဝင်များနှင့်လူနေအိမ်တစ် စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်မိသားစုများအား ထောက်ပံ့ငွေများနှင့်အိမ်ဆောက်ပစ္စည်းဖိုးပံ့ပိုး ပေးအပ်ခြင်းကို ဇွန် (၁) ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပံ့ပိုးပေးအပ်သည်။