ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာသင်တန်းကျောင်း ပထမနှစ် သင်တန်းသား/ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲသို့ တက်ရောက် အားပေးချီးမြှင့်
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ၂၀၂၅ ပညာသင်နှစ်တွင် သူနာပြု-သားဖွားသင်တန်းကျောင်း (မြစ်ကြီးနား)၌ ဖွင့်လှစ်လျက်ရှိသည့် သူနာပြု-သားဖွား ဒီပလိုမာသင်တန်းအား တက်ရောက်ခွင့်ရရှိသော သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။