နမ္မတီးမြို့၌ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးကောင်း မေ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နမ္မတီးမြို့ မူလွန်ကျောင်း၌ ယမန်နေ့နံနက် (၁၁) နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် သစ်တောဦးစီးအရာရှိ ဦးသန်းမော်မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်သန်းနိုင်မှ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ဆရာ / ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ သစ်စက်လုပ်ငန်းရှင်များ၊ ပုဂ္ဂလိက ဆင်ပိုင်ရှင်များ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများတက်ရောက်ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)