ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅)ရက် နံနက် (၈)နာရီက စုပေါင်းရုံးအနီးကွင်းပြင်၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကယ် ဆယ်ရေးစခန်းများရှိ ပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမီတာအထက် ၁၂၀၅ စင်တီမီတာထိ မြင့်တက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးခဲ့ရာ ဧရာဝတီမြစ်ရေသည် မေ ၃ ရက်နေ့တွင် ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရေဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

မိုးညှင်းတက္ကသိုလ်၌ နေ့သင်တန်း ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နေ့သင်တန်း ကျောင်းသား ကျောင်းသူများ၏ ပုံမှန်သင်တန်းများကို မေ(၂၂)ရက်မှ စတင်ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်(၂)ရက် နံနက်ပိုင်းက ကျောင်းစတင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၇ ပေခွဲခန့် ပြန်လည်ကျဆင်းပြီဖြစ်

ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ မေ ၃၁ ရက်နေ့မှ စတင်၍ မြင့်တက်လာခဲ့ပြီး ဇွန် ၁ ရက်နှင့် ၂ ရက်နေ့ နံနက်ပိုင်းအထိ မြို့၏စိုးရိမ်ရေအမှတ် (၁,၂၀၀)စင်တီမီတာအထက် (၁,၂၀၅)စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်(၆)ခုတွင် ရေဝင်ရောက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများတွင် ရေဘေးကယ်ဆယ်‌ရေးစခန်း(၃၁)ခု ထိဖွင့်လှစ်ခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရသည်။

မိုးညှင်းတက္ကသိုလ်၌ နေ့သင်တန်း ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ကျောင်းသား ကျောင်းသူများ၏ ပုံမှန်‌နေ့သင်တန်းကို မေ (၂၂) ရက်မှ စတင်ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် (၂) ရက် နံနက်ပိုင်းက ကျောင်းစတင်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

မိုးညှင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။

မြစ်ကြီးနားမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာပျော်ရွှင်စွာ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် အေးချမ်းစွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက တည်ငြိမ်‌အေးချမ်းစွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ (၁၀၁၁)စင်တီမီတာထိ ပြန်လည်ကျဆင်း

ကချင်ပြည်နယ် အထက်ပိုင်းဒေသများနှင့် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများ အဆက်မပြက်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီခွဲတိုင်းတာချက်အရ ဧရာဝတီမြစ်ရေ (၁၀၁၁) စင်တီမီတာထိ ပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား

ကချင်ပြည်နယ်၏ အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ယနေ့နံနက်ပိုင်းက တိုင်းတာချက်အရ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ (၁၂၀၅) စင်တီမီတာထိ မြင့်တတ်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။
Subscribe to ကချင်ပြည်နယ်