မြစ်ကြီးနား မေ ၁၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ကြီးနားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ကျောင်းနေအရွယ်ကလေးများ အားလုံးစာရင်းကို ရပ်ကွက်/ကျေးရွာများအထိ မြေပြင်ကွင်းဆင်း၍ တစ်ဦးမကျန်စာရင်းကောက်ယူ၍ ကျောင်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့် အစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)