နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စု၊ တပ်ပိုးကျေးရွာရှိ ဦးသိန်းဆိုင် နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားသားပေါက်များ မွေးမြူထားရှိမှုနှင့် နေ့စဉ်နို့ထုတ်လုပ်ရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။