နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်အတွင်း ခရီးသွားဖော်ဆောင်ရေး မဟာလှေခါးပန်းမျိုးကိုင်းများ စိုက်ပျိုးမှု၊ ပွဲစားဆည် ရေယူမြောင်းဖော်ဆောင်မှု၊ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအနီး ရှေးဟောင်းသားခိုတောင်တော်မြတ်အား ခရီးသွားဖော်ဆောင်ရေးလုပ်ငန်းအတွက် ကျေးရွာအဝင်လမ်းတစ်လျှောက် မဟာလှေခါးပန်းမျိုးကိုင်းများ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ချောင်းကမ်းဘေးအနီးရှိ ကျေးရွာများအား ရေဝင်ရောက်မှုများကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်တို့ ရေများမြင့်တက်လာပြီး ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါချောင်းကမ်းဘေးရှိ ကျေးရွာများသို့ သွားရောက်၍ ရေဝင်ရောက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ရေကျော်

ဇေယျာသီရိမြို့နယ်၌ ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံ၌ ကားလမ်းမကြီးပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။

တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်းတံတားများ ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ဩဂုတ် ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေများကြောင့် ကျေးရွာချင်းဆက်လမ်းတံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတွေ့အကြုံများ၊ သင်ယူမှုများနှင့် ကိုယ်ပိုင်အမြင်များကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်အတွင်း မိုးစပါးအပြည့်အဝစိုက်ပျိုးရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲအသိပညာပေးမှု ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ KCတွင် ကွမ်းခြံ၊ ပိတောက်ချောင်၊ စိုင်ခေါင်းရိုး၊ ရုံးပင်၊ အေလာ၊ လက်ပန်ခုံကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စု သုံးအုပ်စုမှ ပြည်သူများအား မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့ရာ ကျားသေအိုင်၊ ရှောက်ကုန်း၊ နွယ်ရစ်ကျေးရွာအုပ်စုများမှ ပြည်သူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်အတွင်း ငလျင်ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အောင်‌ဇေယျရပ်ကွက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ငလျင်ဘေးအန္တရာယ်ခံစားရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်၊ သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တစ်နှစ်သုံးသီး သီနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးရေမြောင်းများ၊ ချောင်းရိုးများ၊ ရေတံခါးများ၊ Box Culvert များတွင်အမှိုက်များ၊ ဒိုက်များပိတ်ဆို့မှုမရှိစေရေး အမြဲရှင်းလင်းဆောင်ရွက်ထားရန်မှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာသို့ သွားရောက်ပြီး ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်း ရေထုတ်မြောင်းမှ ရေစီးဆင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ