နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်တို့ ရေများမြင့်တက်လာပြီး ချောင်းကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အဆိုပါချောင်းကမ်းဘေးရှိ ကျေးရွာများသို့ သွားရောက်၍ ရေဝင်ရောက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအစုအဖွဲ့များကို စက်အင်အား၊ လူအင်အားအပြည့်ဖြင့် အသင့်စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ပြည်သူများအား အချိန်မီရွှေ့ပြောင်းပေးနိုင်ရေး၊ သောက်သုံးရေ ရရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်