ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအား Stay At Home ကာလအတွင်း စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ဆီတစ်ပိဿာလျှင် (၃၇၅၀)ကျပ်ဖြင့် လှည့်လည်ရောင်းချပေး
ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ညောင်လေးပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြုလုပ်သော Stay At Home ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ ည နေ(၄)နာရီအချိန်က ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ အထက(၁) ကျောင်းရှေ့၌ စတင်ရောင်းချပေးခဲ့သည်။