ချောင်းဦးမြို့ ဥပုသ်စျေးအတွင်း စျေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးပေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ဥပုသ်စျေးအတွင်း စျေးရောင်းချနေသူများအား ယနေ့နံနက် ၉နာရီအချိန်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါရှိ/မရှိ နှာခေါင်းတို့ပတ်ယူ စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသူများအား ပထမအကြိမ် ထိုးနှံပေးခဲ့သည်။