မိတ္ထီလာ နိုဝင်ဘာ ၁
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ဆောက်လုပ်လျက်ရှိသော ကျောင်းဆောင်သစ်အား ဖေဖော်ဝါရီလ အကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။
မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၁၀၀.၈ သန်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၉၈.၄ သန်း တို့ဖြင့် အလျား ပေ ၁၄၀၊ အနံ ပေ ၃၀ ရှိ RCC နှစ်ထပ်ကျောင်း ဆောင်ကို Bright Star Wave Co;Ltd မှ တာဝန်ယူပြီး ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ တည်ဆောက် လျက်ရှိရာ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ပြီး အဆိုပါ ကျောင်းဆောင်သစ်ကို ဖေဖော်ဝါရီလအကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကျောင်း ဆောင်သစ်အား ဆောက်လုပ်လျက်ရှိသည့် တာဝန်ခံအင်ဂျင်နီယာထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူရာတွင် ကျောင်းဆောင်လိုအပ်ချက် မရှိစေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျောင်းဆောင်သစ်များကို တို့ချဲ့ဆောက်လုပ်ပေး လျက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင် ကျောင်း (၂၃) ကျောင်းတို့မှ အန္တရာယ်ရှိသော ကျောင်းဆောင်များ ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ၍ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)