လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကလေးငယ်များ ပျော်ရွှင်စွာ သင်ကြားလျက်ရှိ

လပွတ္တာ   နိုဝင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ကလေးသူငယ်များ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းသား/သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း maskများ တပ်ဆင်စေခြင်း၊ စနစ်တကျလက်ဆေးခြင်းများနှင့် စာသင်ခန်းများအတွင်း သတ်မှတ်အကွာအဝေးဖြင့် ပညာသင်ကြားစေရေး စသည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိသည်။

လပွတ္တာ (ခရိုင်ပြန်/ဆက်)