ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ(ပထမ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန် မှစတင်၍ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ (ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာစုရပ် နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။