ပေါက်မြို့နယ် စည်ပင်သာယာစျေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်

ပေါက် ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ် စည်ပင်သာယာဈေးကြီးအတွင်း၌ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာဈေးသူ၊ ဈေးသားများနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပြုလုပ်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေးကော်မ တီ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ရောင်းချနေသည့်ဈေးဆိုင်များ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးဦးခိုင်ဝင်းအောင်က မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အန္တရာယ်မရှိစေရေးအတွက် အမြန်မီးငြိမ်း သတ်ခြင်းများ၊ မီးဘေးအန္တရာယ် အရေးပေါ် အချက်ပေးခြင်းများ၊ မီးသတ်ဆေးဗူး အသုံးပြုပုံများနှင့် မီးလောင်မှုကို မီးသတ်ဆေးဗူးများဖြင့်ကနဦး ငြိမ်းသတ်ခြင်းများကို ရှင်းလင်း ပြောကြား၍ ဈေးသူ၊ ဈေးသားများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ စည်ပင်သာယာ​ရေးအဖွဲ့ပိုင်ရေသယ်ယာ(၁)စီးဖြင့် မီးငြိမ်းသတ်ခြင်းကို မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များကသရုပ်ပြဇာတ်တိုက် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)