သံဖြူဇရပ် ဒီဇင်ဘာလ ၈
ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်သင်ကြားနေပြီးဖြစ်၍ ယမန်နေ့ နံနက်၁၀ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ မိခင်နှင့် ကလေးမူကြို ကျောင်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေအားကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းတွင် Cornerပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပပြင်ဆင်ထားရှိမှု ၊ သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများ ထားရှိမှုရှိ/မရှိ၊ အဆောက်အဦ အခြေအနေ၊ ဆရာမများကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး၊ ကျိုက္ခမီ မိခင်နှင့်ကလေးမူကြိုကျောင်းကို ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားရာတွင် ၊ သင်ကြားချိန်အား တစ်ပတ်(၅) ရက်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ရက်များတွင် နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ သင်ကြားပေးပြီး ကျောင်းသား /သူ(၄၂) ဦးတက်ရောက်သင်ကြားနေကြောင်း သိရသည်။
အေးအေးမွန် ( ပြန်/ဆက်)