ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန၌ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၁၃ရက်နေ့နံနက် ၉ နာရီ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။