ဦးစီးဌာန(ရုံးချုပ်)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များအကြား မျှဝေခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းစွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွား လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်နှင့် လူငယ်များ ဉာဏစွမ်းရည်မြင့်မား တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်းတည်၌ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်များ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့် နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့် ထုတ်ပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် လူမှုဖူလုံရေး၌ထုတ်ပေးခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံစုံ ဧက(၅၀၀)ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံစုံ ဧက(၅၀၀)ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်မှ ရေဘေးသင့်ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ရေဘေးရှောင်စခန်းနှစ်ခုသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်‌ ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၁၇)ခုထိ ဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းပြီး  ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့်  ရပ်ကွက်/ ကျေးရွာမြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းမျာသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အခြေခံပညာကျောင်းများဖြစ်သည့် အမက(ကူကြီး)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ကုန်အထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ပထမသုံးလပတ်ကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

သဲကုန်းမြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်​​နေ့နံနက်ပိုင်းက ဆင်တဲကုန်းရွာ၊ အမကရွာသစ်ကုန်းကျောင်းတွင် ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့ လက်ဆွဲ/စက်စိုက် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် သာယာ၀တီခရိုင်၊ သာယာ၀တီမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းမိုင်တိုင်အမှတ် (၈၅/၃)နှင့်(၈၅/၅)ကြားရှိ ဧက (၁၀)ရှိ ဦးပိုင်အမှတ်-၆၁၊ ကွင်းအမှတ်(၁၂၀၀) ဦးအေးကြိုင်၏လယ်မြေသို့ရောက်ရှိပြီး စိုက်ပျိုး​​ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးပြသခြင်းအခမ်းအနားကို ဇူလိုင် ၁၂ ရက်နေ့ နံနက် ၁၁ နာရီက ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)