နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှု၊ လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၂၀ ရက်အထိ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှုခြင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသည့် ဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့်အခမ်းအနားများကို အောက်တိုဘာ ၁၂ ရက်တွင် အမြို့မြို့အနယ်နယ်၌ ဆောင်ရွက်ကြောင်း သိရသည်။