၂၀၂၄ ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၄ ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့က တီရန်ကျင်းမြို့ National Conference & Exhibition Center ၌ ကျင်းပသည်။ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ တီရန်ကျင်း မြူနီစပယ်ကော်မတီအတွင်းရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် Chen Min’er နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီး Huai Jinpeng အပါအဝင် တက်ရောက်လာကြသည့်နိုင်ငံအချို့မှ ဝန်ကြီးများ၊ UNESCO နှင့် သက်မွေးဝမ်း ကျောင်းဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက မိန့်ခွန်းပြောကြားခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။