ပုသိမ်မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ငွေဆောင်မြို့ရှိ တောင်သူများအား ပညာပေးဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) တိုးချဲ့စိုက်ပျိုးရေးအတွက် ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုနှင့် ဆင်မကျေးရွာအုပ်စုရှိတောင်သူများနှင့်တွေ့ဆုံ၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အသင်းတော်ခန်းမတွင် ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က ကွင်းဆင်းစည်းရုံး ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။