မိုင်းရှူးမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှူန်းသက်သာစွာဖြင့် ရောင်းချပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဟံသာမုနိ ဘုရားကြီးကျောင်းရှေ့၌ ရောင်းချပေးလျက်ရှိသည်။