မုံးထမြို့၌ နှမ်းစိုက်တောင်သူများ နှမ်းရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိ

မုံးထ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မုံးထမြို့၌ နှမ်းစိုက်တောင်သူများ နှမ်းရိတ်သိမ်းချိန်တွင် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နှမ်းမျိုးစေ့ တစ်ပြည်လျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူကာ မိုးကြိုကာလတွင် စိုက်ပျိုးခဲ့ကြပြီး ဈေးကောင်းရရှိရန် မျှော်လင့်ထားရာ ယခုနှစ် နှမ်းရိတ်သိမ်းချိန်၌ လေးထောင့်သံပုံးဖြင့် နှမ်းတစ်ပုံးလျှင် ငွေကျပ်(၅၀၀၀၀) အထိရရှိကြောင်း၊ ယခင်နှစ် နှမ်းသိမ်းချိန်တွင် ငွေကျပ် (၃၅၀၀၀) မှ (၄၀၀၀၀)ကျပ် အထိသာ ရရှိကြောင်းနှင့် ယခုနှစ်တွင် နှမ်းဈေးပိုမိုကောင်းမွန်သောကြောင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးစိုင်းနု၏ ပြောကြားချက်အရ သိရသည်။

သန်းထွန်းအောင်(မုံးထ၊ ပြန်/ဆက်)