မိုင်းရှူးမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှူန်းသက်သာစွာဖြင့် ရောင်းချပေး

မိုင်းရှူး စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဟံသာမုနိ ဘုရားကြီးကျောင်းရှေ့၌  ရောင်းချပေးလျက်ရှိသည်။

အဆိုပါ စားသုံးဆီများရောင်းချရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဥ်ကြီးကြပ်မှု ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား စားသုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၈၀၀)နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာ အချိန်(၂၀၀၀)အား ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။ 

သန်းလူ(ပြန်/ဆက်)