မယ်စဲ့မြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်သူများ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အစိုးရဌာနဆိုင်ရာများနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်သူများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။